Thursday, July 7, 2016

"အချစ်​ပုံပြင်​​လေးတပုဒ်​"
ဆင်းရဲသား ကောင်လေး တစ်ယောက်နဲ့
ချမ်းသာတဲ့ကောင်မလေး တစ်ယောက်တို့ ချစ်သူ​တွေဖြစ်​ခဲ့ကြတယ်။
အဲဒါနဲ့တနေ့မှာ သူနဲ့​ကောင်​မ​လေး​တွေ့တဲ့​နေ့မှာ
ကောင်​​လေးက .``နင်​ဘာလို့ဆူပုတ်​​နေတာလဲ ငါလဲဘာမှမလုပ်​ပါဘူး ဘာလို့လဲ​ပြောပြပါလား​ပေါ့´´
အဲ့အချိန်​မှာ ​ကောင်​မ​လေးက
``` ငါနင့်​ကို ​ပြော​ပေါင်းများ​နေပီ ´´´အင်္ကျီကိုကိုင်​၍ ``ဒါဘာလဲ ကိုယ့်​ဖာသာ ​သေချာပြန်​ကြည့်​အုံး စုတ်​ပြဲ​နေတာပဲ
နင့်​ကိုယ်​နင်​ ဂရုမစိုက်​ရင်​​တောင်​ ငါ့ကို​တော့ဂရုစိုက်​ပါအုံး´´
ထိုချိန်​​ကောင်​​လေးက စကား​ပြောရန်​ပြင်​​တော့
ကောင်​မ​လေးက `` ဘာမှ ​ပြောမ​နေနဲ့ လာ တခုခုသွားစားမယ်​´´ လို့​ခေါ်တယ်
ကောင်​​လေးက `` ငါ့ပိုက်​ဆံ​တွေအကုန်​သုံးပစ်​ပြီ မရှိ​တော့ဘူး။နင်​သိတဲ့အတိုင်းဘဲ ငါကအခုမှ အလုပ်​ရှာ​နေတုန်း​လေ။ငါ့မှာပိုက်​ဆံနည်းနည်းပဲ ရှိ​တော့တယ်​ အဲ့တာကလဲ အ​ကြွေးဆပ်​ရမာ´´လို့​ပြောတဲ့အခါ ​ကောင်​မ​လေးက
`` နင်​နဲ့ အဆင့်​တန်းတူတဲ့ ​ကောင်​မ​လေးပဲရှာ ငါ့ကိုဂရုလဲမစိုက်​​တော့နဲ့ နင်​ကအမြဲတမ်း ဒီပုံစံကြည့်​ပဲ
ငါနင့်​ကို စိတ်​ကုန်​လာပီ ´´ ​ပြောသတဲ့
ထိုအခါ ​ကောင်​​လေးက `` ​နောက်​တပတ်​ နင်​ဘယ်​သွားချင်​လဲ ​ပြော ငါလိုက်​ပို့ပါမယ်​ ကတိ​ပေးပါတယ်​´´ လို့​ပြောတယ်​။ကောင်​မ​လေးက `` ထားလိုက်​ပါ´´ လို့ပြန်​​ပြောသတဲ့။ကောင်​​လေးက `` ငါနင့်​ကို ဘယ်​လိုက်​ကြိုက်​လဲ ဘယ်​​လောက်​ချစ်​လဲဆိုတာ´´ နင်​သိမှာပါလို့​ပြောလိုက်​တယ်​။ဒါ​ပေမဲ့ ​ကောင်​မ​လေးက ``နင်​နဲ့အဆက့်​တန်းတူတဲ့သူပဲရှာပါ​တော့ ငါ့ကိုထားခဲ့လိုက်​ပါ​တော့ ငါနင့်​ကို စိတ်​ကုန်​သွားပီ ​နောက်​ထပ်​ ငါ့ကို ဘယ်​​တော့မှ မဆက်​သွယ်​​တော့နဲ့ နင်​ဟာ သူ​တောင်းစားထက်​​တောင်​ ညံ့​သေး နိမ့်​​သေးတယ်​။ နင်​ဟာအမြဲတမ်း ရှုံးနိမ့်​​နေတဲ့ လူပဲဖြစ်​မာပါ´´လို့ အပြတ်​​ပြောပီး လမ်းခွဲ လိုက်​ကြသတဲ့။

ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။
အချိန်​အတန်​ကြာပြီးတဲ့​နောက်​မှာ အ​ပြောင်းအလဲ ​တွေနဲ့ အတူ​ပေါ့.....

Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့ ကောင်မလေးက
"ဟေး နေကောင်းလား။မ​တွေ့ရတာ​တောင်​ကြာပီ။
နင်​ဘာလာလုပ်​တာလဲ။ ထီများ​ပေါက်​ထားတာလားဟ။သားသားနားနားနဲ့ပါလား။
ငါလက်ထပ်လိုက်ပြီ သိလား။
အခုငါ့ရဲ့အမျိုးသား တစ်လဝင်ငွေ
ဘယ်လောက်ရှိလဲသိလား။
ရူပီ၅သိန်း တောင်။
နင်အဲဒါမျိုး စိတ်ကူးမိရဲ့လား။
နောက်ပြီး သူက အရမ်း Smartကျတဲ့လူတစ်ယောက်ဘဲ။

သူမပြောတဲ့စကားကို ကြားပြီးတဲ့နောက်မှာ ထိုကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေ ဝဲလာခဲ့တယ်။
သိပ်မကြာခင်မှာဘဲ သူမအမျိုးသား ရောက်လာတော့ သူမ ဘာမှမပြောခင်
သူမအမျိုးသားက ထိုကောင်လေးကိုကြည့်ပြီး
"ဆရာ ​နေ​ကောင်းလား။ ဒီရောက်နေတာလား။´´
``​အေး ​ကောင်းတယ်​ မင်း​ရော´´
`` ​ကောင်းတယ်​ ဆရာ ။ထိုင်​ပါအုံး။´´
``ဒီမှာ​ပေါ့´´
``ဟုတ်​ကဲ့ဆရာ။ ဒါကျနော့်အမျိုးသမီးလေ။ ဆိုနီယာ ´´တဲ့ ဆက်ပြီး သူမကိုပြောတယ်။
" ဆရာ့ရဲ့ Project တခုမှာ ငါကလက်ထောက်လေ။
သူအခုလုပ်နေတာက ​ဒေါ်လာ အများကြီးတန်တဲ့ စီမံကိန်းတခုဘဲ။´´
``သူက မင့်​မိန်းမလား´´
``ဟုတ်​ကဲ့ဆရာ´´
ပြီး​တော့သူ့မိန်းမကဆက်​​ပြောတယ်
``ဆရာ က ဟိုးအရင်က ကောင်မလေးတစ်ယောက်ကို
ချစ်ခဲ့ဖူးတယ်။ဒါပေမယ့် သူမရခဲ့ဘူး။
အဲဒါကြောင့် ဆရာ ဒီနေ့ထိ အိမ်ထောင်မပြုသေးဘူး။
အဲဒီမိန်းကလေးက ဘယ်လောက်ကံကောင်းမလဲနော်။
ဆရာ့လိုချစ်နိုင်မယ့်အချစ်မျိုးက
ဒီနေ့လိုနေ့မျိုးမှာ ဘယ်မှာမှမရှိနိုင်
အောင်ပါဘဲဟာ။"
ထိုကောင်မလေး ဘာမှပြန်မပြောနိုင် အောင်
ဆွံ့အ သွားခဲ့တယ်....
ပြီးပါပြီ

"°°°ကိုယ့်​ချစ်​သူကထားခဲ့လို့ နာကျင်​ခံစား​နေမဲ့အစား နာကျင်​မှု​တွေက​နေ ​အောင်​မြင်​​အောင်​ကြိုးစားချင်​တဲ့ စိတ်​​လေး ​ပြောင်းလိုက်​ပါ °°°"သင့်​ဘ၀ တိုးတက်​လာပါလိမ့်​မည်​။


မင်းတိမ်​လွှာ